LG One : Quick Works

LG ကနေ အသစ်မိတ်ဆက်လာတဲ့ All-in-one Video Conferencing Solution ဖြစ်တဲ့ One:Quick Works က Resolution 4K Ultra HD အထိ ထုတ်လုပ်နိုင်ပြီး Brightness 450 nit အထိ ထုတ်လွှတ်နိုင်ပါတယ်။ 4K Camera နဲ့ Microphone တပါတည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။ အသံထွက်အနေနဲ့ 10W + 10W အထိ ထုတ်လုပ်ပေးနိုင်တဲ့ စပီကာ တပ်ဆင်ထားပါတယ် Windows 10 IOT Enterprise တပါတည်း ပါဝင်ထားပြီးသား ဖြစ်ပါတယ်။ Camera နဲ့ Microphone က အကွာအဝေး ၆ မီတာလောက် အထိ ဝေးတဲ့ နေရာက စကားပြောသူ နောက်ကို လိုက်ချိန်တဲ့ စနစ်ပါဝင်တဲ့အတွက် စကားပြော ဆွေးနွေးရတာ ပိုပြီး အသက်ဝင်စေမှာ ဖြစ်ပါတယ်။

Conferencing Solution အနေနဲ့ One:Quick Remote Meeting App တပါတည်း ပါဝင်မှာ ဖြစ်ပြီး အခြားသော Conferencing App တွေလည်း LG App Store ကနေ တဆင့် Download လုပ် Install လုပ်နိုင်မှာ ဖြစ်ပါတယ်။ ။ In-cell Touch အနေနဲ့ 10 Points အထိ Sensing Capability ရနိုင်ပါတယ်။ Touch Pen တစ်ချောင်း တပါတည်း ပါဝင်မှာ ဖြစ်တဲ့အတွက် မျက်နှာပြင်ပေါ်မှာ တခါတည်း ရေးသားမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ Meeting Minute သတ်သတ် ခွဲမှတ်နေစရာ မလိုဘဲ တပါတည်း Voice Recording လုပ်ပြီး email တန်းပို့နိုင်တဲ့ Function လည်းပါဝင်ပါတယ်။ Meeting လုပ်နေစဉ်မှာပဲ Multi-task လုပ်နိုင်ဖို့ Split Screen ခွဲပြီးလည်း အလုပ်လုပ်နိုင်ပါတယ်။ မိမိကုမ္ပဏီ ဒါမှမဟုတ် မိမိ နှစ်သက်တဲ့ Screen Background ကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။

Download Datasheet