Access Control Solutions

sliding-door-solution-by-boh

Slide Door

ကိုယ်ပိုင် ခြံဝင်းများအတွက် သင့်တော်ပါတယ်။ တခါးကိုယ်ထည်ကို မြေကြီးထဲ မြှုပ်နှံတပ်ဆင်ထားတဲ့ လျှောက်လမ်းပေါ်မှာ အားပြုပြီး တံခါးရဲ့ တစ်ဖက်ဖက်ကို အဖွင့်၊ အပိတ် လုပ်စေတာ ဖြစ်ပါတယ်။တံခါး အဖွင့်အပိတ် လိုအပ်ချက်အရ တံခါးမကြီး ကိုယ်ထည်ပေါ်မှာ လူဝင်ပေါက် ထည့်သွင်း တပ်ဆင်လေ့ရှိကြပါတယ်။ တံခါးရဲ့ ကိုယ်ထည်ပေါ်မှာ မော်တာနဲ့ ချိတ်ဆက်ပြီး တံခါးကို တွန်းရွှေ့ပေးမဲ့ ပင်နယံ အဖြောင့် အချောင်း တပ်ဆင်ရပါတယ်။ တစ်ဖက်တစ်ချက်မှာ တံခါးကို ရပ်ဖို့ အချက်ပေးမဲ့ Sensor တစ်ခုစီ ပါဝင်လေ့ရှိပါတယ်။

Foldable Door

တံခါးရွက် တစ်ဖက်ကို တစ်ရွက်စီပါဝင်ပြီး ဘယ်ညာ နှစ်ဖက်ကို အဖွင့်အပိတ် လုပ်တဲ့ စနစ် ဖြစ်ပါတယ်။ အလျားလိုက် တွန်းထုတ် ဆွဲယူတဲ့ မော်တာ ( Linear Actuator) ကို အသုံးပြုပြီး တံခါးကို အဖွင့်အပိတ် လုပ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တံခါးဖွင့်ချိန် ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ ကြာချိန်ရှိပြီး လိုအပ်သလို ချိန်ညှိလို့ရပါတယ်။ တံခါးရွက် တစ်ဖက်ကို နှစ်ချပ် (သို့မဟုတ်) နှစ်ချပ်ထက် ပိုပြီး ပါဝင်တဲ့ တံခါး ဖြစ်ပါတယ်။ Autogate တွေကို အထူးအော်ဒါ အနေနဲ့ ပုံစံထုတ် ထုတ်လုပ် တပ်ဆင်ရတာ ဖြစ်ပြီး ထုတ်လုပ်မှု တိကျစေဖို့ အင်မတန် အရေးကြီးပါတယ်။

Boom Arm Barrier

ကားအစီးရေ အဝင်အထွက် အင်မတန်များတဲ့ နေရာတွေမှာ အသုံးပြုကြတာ များပါတယ်။ အတိုဆုံး ၂ မီတာကနေ အများဆုံး ၆ မီတာလောက်ထိ ရှည်တဲ့ မောင်းတံ အရွယ်အစား အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ မောင်းတံ အရှည် ၃ မီတာထက် ရှည်သွားတဲ့ အခါ အရှည် တစ်ချောင်းတည်း စနစ်ထက် ခေါက်ချိုးနိုင်တဲ့ Foldable Arm Barrier အမျိုးအစားကို အသုံးပြုလေ့ရှိကြပါတယ်။

corporate-office-pbx-solutions

EM Locks

လျှပ်စစ်သံလိုက်သုံး တံခါး အဖွင့်အပိတ် ထိန်းချုပ်တဲ့ စနစ် ဖြစ်ပါတယ်။ တံခါး တစ်ချပ်ချင်း (ဒါမှမဟုတ်) တံခါး အချပ် အရေအတွက် တစ်ချပ်ထက် ပိုတဲ့ ထိန်းချုပ် စနစ်မျိုးကို လိုသလို တည်ဆောက် ထိန်းချုပ်နိုင်ပါတယ်။ တံခါး အဝင်အထွက်ကို အချိန်နဲ့ အမျှမှတ်တမ်းထားရှိနိုင်တာမို့ မြင့်မားတဲ့ လုံခြုံရေး အစီအမံကိုလည်း ရရှိပြီးသား ဖြစ်စေပါတယ်။

lift-lobby-turnstile-at-office-tower

Flap Barriers

အဝင်အထွက်များတဲ့ ရုံးအရေအတွက် များစွာ တစုတဝေးတည်း တည်ရှိတဲ့ ရုံးတာဝါများမှာ တပ်ဆင်လေ့ရှိပါတယ်။ အဝင်အထွက် ထိန်းချုပ်မှု အားဖြင့် ဝင်ရောက်သူ ဝန်ထမ်းဟာ ကြိုတင် မှတ်ပုံတင်ထားဖို့ လိုအပ်မှာ ဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိသူ ခေတ္တ အလည်လာသူများမှာ ဝင်ပေါက် အနီးမှာ ရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းထံမှာ မှတ်ပုံတင်ပြီး ယာယီ ဖြတ်သန်းခွင့်ကဒ် ဒါမှမဟုတ် လုံခြုံရေးဝန်ထမ်းက တဆင့် ဖွင့်ပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။

automatic-lift-access-control-system

Lift Access Control

ဓာတ်လှေကားကို ကဒ်စနစ် ထိန်းချုပ်မှု တပ်ဆင်ခြင်း အားဖြင့် မြင့်မားတဲ့ လုံခြုံမှု စနစ် ရရှိစေရုံသာမက ကိုဗစ်၁၉ ရောဂါ ပြန်ပွားမှု ထိန်းချုပ်ရေးအတွက်လည်း အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။ အသစ်တပ်ဆင်တဲ့ ဓာတ်လှေကားမှာ တပ်ဆင်နိုင်သလို ယခင် တပ်ဆင်ထားပြီးသား ဓာတ်လှေကားမှာ ထပ်တိုးတပ်ဆင်ခြင်းအားဖြင့်လည်း လုံခြုံရေး အဆင့်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

assa-abbloy-entrance-solutions
hikvision-em-lock-solution
hid-em-lock-solutions
mag-em-locks-solutions
tenet-flap-and-boom-arm-barrer
mag-em-locks-solutions
shinning-flapbarrier
turboo-gate-turnstile-solutions
kinggates-auto-doo-solutions
amano-access-controlled-solutions
mighty-mule-automatic-gate-opener-solutions
ghost-control-ez-gate-opener-sloutions

Ready to reach us...