Nurse Call Solution

ဆေးရုံတွေ၊ လူအိုရုံတွေနဲ့ ပြန်လည်သန်စွမ်းရေး ဌာနတွေလို ကျန်းမာရေးအတွက် အရေးပေး စောင့်ရှောက်ရတဲ့ ဌာနတွေမှာ သူနာပြုတွေက လူမမာတွေကို ပိုပြီး ထိရောက်မှုရှိရှိ၊ အထူး ဂရုပြုစောင့်ရှောက်နိုင်စေရေးအတွက် အချက်ပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးသူနဲ့ နာမကျန်းသူ ကြားမှာ အလျင်အမြန် အရေးတယူ ပြုစုနိုင်ခြင်း၊ စောင့်ရှောက် ဂရုစိုက်မှု အတိုင်းအတာ ပမာဏ ပိုမို တိုးမြင့်လာစေခြင်း လုပ်ငန်းလုပ်ဆောင်မှု ပိုမို တိုးတက်လာစေခြင်းနဲ့ လူနာနဲ့ ဝန်ဆောင်မှု ရယူသူ ပို၍ စိတ်ကျေနပ်မှု ရစေတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှု လုပ်ငန်း ပို၍ တိုးတက်လာစေခြင်း စတဲ့ အကျိုးကျေးဇူးကို ရရှိစေမှာ ဖြစ်ပါတယ်။

ဘာလို့ အရေးကြီးတာလဲ

နာမကျန်းသူအနေနဲ့ အရေးပေါ် ဂရုစိုက်မှု လိုအပ်တဲ့ အချိန်တိုင်းမှာ သူနာပြုကို ခေါ်ယူနိုင်စေပါတယ်။ လူမမာ အနေနဲ့ အချိန်ပြည့် ဂရုစိုက်မှု လိုအပ်သလား၊ အရေးပေါ်တဲ့ အခိုက်အတန့်မှာပဲ အထူး အရေးပြုမှု လိုအပ်သလား ဒီစနစ်က ခွဲခြားပေးနိုင်ပါတယ်။ သူနာပြု အနေနဲ့လည်း အရေးပေါ် အခြေအနေကို တစ်ဦးတည်း ဖြေရှင်းနိုင်သလား၊ ဒါမှမဟုတ် နောက်ထပ် အကူအညီ လိုအပ်သလား ချက်ချင်း တောင်းခံနိုင်ပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းအနေနဲ့လည်း မိမိတို့ ဝန်ဆောင်မှု ပေးတဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်နဲ့ လုပ်ဆောင်နေမှု ဘယ်လို ဘယ်ပုံ အကျိုးသက်ရောက်မှု ရှိမရှိ ဆိုတာ အကဲဖြတ်နိုင်ပါတယ်။ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း အနေနဲ့လည်း လုပ်ငန်းအပေါ် ဂရုပြုမှု အရည်အသွေး တိုးမြှင့်နိုင်ဖို့ Nurse Call System ကို အသုံးပြုပြီး မဟာဗျူဟာကျကျ သုံးသပ် စိစစ်နိုင်ပါတယ်။

Wireless Location Tracking In Nurse Call

Nurse Call System ရဲ့ အဓိက လုပ်ဆောင်နိုင်စွမ်း တစ်ခုကတော့ အချိန်နဲ့ တပြေးညီ အထူး ဂရုပြုမှု လိုအပ်နေသူရဲ့ တည်နေရာကို ချက်ချင်းလက်ငင်း ဖော်ပြပေးနိုင်ပြီး မိမိတို့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူ ဝန်ထမ်းများရဲ့ အရည်အသွေးကို ပိုမို တိုးမြင့်လာစေရုံမှမက မိမိတို့ ဝန်ဆောင်မှု ပေးမှုကို လက်ခံရယူသူတို့ရဲ့ ယုံကြည်မှုကိုလည်း တိုးမြင့်လာစေပါတယ်။ အထူး အရေးစိုက်မှု လိုအပ်နေတဲ့ နာမကျန်းသူဟာ ဘယ်နေရာကနေ ဘယ်နေရာကို ရွေ့လျားပြီး လက်ရှိ ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာကို သူနာပြုကို အသိပေးနိုင်ခြင်းအားဖြင့် အရေးပေါ်သူဟာ ဘယ်သူ၊ ဘယ်လို ကျန်းမာရေး နောက်ခံရှိသူ၊ ဘယ်လို အရေးပေါ်မှုမျိုးတော့ လက်ရှိ လိုအပ်နေမယ်ဆိုတာကို သူနာပြုကို ချက်ချင်း သိစေနိုင်မှာ ဖြစ်ပါတယ်။

Data Recording and Logging

Nurse Call System အများစုမှာ အချက်အလက်မှတ်တမ်းတင်တဲ့ စနစ်နဲ့ အဖြစ်အပျက်တွေကို စုစည်း စာရင်းပြုပေးတဲ့ စနစ် တွဲပါတတ်ပါတယ်။ ဒီစနစ်တွေကြောင့်ပဲ အရေးပေါ်အချိန်မှာ သူနာပြု ရောက်ရှိရန် ကြာချိန်နဲ့ အရေးပေါ်မှုကို ဘယ်လောက်ကြာကြာ ဖြေရှင်းပေးခဲ့ရတယ်ဆိုတာကို မှတ်တမ်း တင်ထားတတ်ပါတယ်။ ဒီစနစ်တွေမှာ လူမမာရဲ့ လိုအပ်တဲ့ အရေးပေါ်အဆင့် အခြေအနေ ဘယ်လို ကျွမ်းကျင်မှုမျိုး ရှိတဲ့ သူနာပြုစုမှု လိုအပ်တယ်ဆိုတဲ့ အချက်အလက်တွေပါ မှတ်တမ်းတင်ထားပြီး အထွေထွေ သူနာပြုစုမှု လိုအပ်ချက်များနဲ့ ကွဲပြားမှတ်သားနိုင်အောင် ဆောင်ရွက်ထားပေးပါတယ်