Services

System Designing

စနစ်ပုံစံရေးဆွဲရာမှာ ပြည့်ဝတဲ့ အတွေ့အကြုံရှိမှုတွေနဲ့ မိတ်ဆွေရဲ့ စီမံကိန်းကို အကောင်းဆုံး အကောင်အထည် ဖော်နိုင်စေဖို့ ..

For A Main Contractor

Systems Design နဲ့ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း လုပ်ငန်းများကို BOH ကို တာဝန်ပေးအပ်ပြီး မိတ်ဆွေအနေနဲ့ စီမံကိန်းရဲ့ အခြား အရေးကြီးတဲ့ အစိတ်အပိုင်းတွေအပေါ် အာရုံပိုစိုက်နိုင်စေမှာ ဖြစ်ပါတယ်။ မိတ်ဆွေ စိတ်ကူးထားတဲ့ လိုအပ်ချက်နဲ့ တသဝေမတိမ်း ကိုက်ညီပြီး ရင်းနှီး မြှုပ်နှံထားတဲ့ အရင်းအနှီးအတွက် အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်စေဖို့ BOH တာဝန်ထားပါ။

For A Factory & Office

စက်ရုံတစ်ရုံမှာ ပါဝင်တဲ့ စနစ်အများအပြား အကြားအလပ်မရှိ အလုပ်လုပ်စေရေး အတွက် ကျွန်တော်များ BOH မှာ အတွေ့အကြုံကောင်းတွေ အများအပြား ရှိပါတယ်။ စနစ်ပေါင်းများစွာ ပူးပေါင်းပါဝင်တဲ့ စနစ် တစ်ခုလုံး ချောချောမွေ့မွေ့ လည်ပတ်နေစေရေးက အရေးအကြီးဆုံး ကိစ္စပဲ ဖြစ်ပါတယ်။ တည်ဆောက်ပြီး နောက်နှစ်များစွာ မိတ်ဆွေရဲ့ စက်ရုံ ချောချောမွေ့မွေ့လည်ပတ်နိုင်ရေးအတွက်ကျွန်တော်တို့ BOH ကို ခိုင်းပါ။

For A Residence

ယနေ့ခေတ် အိမ်ရှင်များရဲ့ ရည်မှန်းချက်က အိမ်တစ်ခုလုံးမှာ ပါဝင်တဲ့ စနစ်တွေကို စိတ်လက်ချမ်းသာစွာ လည်ပတ်နိုင်စေရေး ဖြစ်ပါတယ်။ လုံခြုံရေးစနစ်၊ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်၊ ဖျော်ဖြေရေးနဲ့ အပူအအေး ထိန်းညှိမှု စနစ်တွေကို ဘယ်လို တပ်ဆင်တပ်ဆင် အချိတ်အဆက်မိမိ ထိန်းကျောင်းလည်ပတ်နိုင်စေရေး အတွက် BOH ကို ခိုင်းပါ။

Turnkey Project

စိတ်ကူးထဲက စီမံကိန်း အောင်မြင်စေဖို့အတွက် အဆင့်တိုင်းကို အကောင်းဆုံး စီမံနိုင်ဖို့ ..

Procurement and Supplies

လိုအပ်ချက်များ အတိုင်း ပစ္စည်းဝယ်ယူ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ အတွေ့ အကြုံကို အသုံးချ၍ အကောင်းဆုံး တန်ဖိုးရှိ ထုတ်ကုန်များကို ပြည်တွင်းနှင့် ပြည်ပ နိုင်ငံများမှ ဝယ်ယူပေးပါတယ်။ အချိန်နှင့် လုပ်ဆောင်ရသော စီမံကိန်းများအတွက် လိုအပ်မှုအရ ထုတ်လုပ်ရသော ထုတ်ကုန်များအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ မိတ်ဆွေများ အနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်း အောင်မြင်ပြီးဆုံးမှု ရယူနိုင်ပြီး ပျော်ရွှင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။

Project Management

မိတ်ဆွေတို့ရဲ့ စီမံကိန်း မှန်းထားသည်ထက် ပိုအောင်မြင် ပြီးစီးရေးနှင့် လွှဲအပ်နိုင်ရေးသည် အဓိက ဦးတည်ချက် ဖြစ်ပါတယ်။ BOH က လုပ်ငန်းပြီးစီးစေရေး မျှော်လင့်ချက်များကို အမြဲတမ်း ပိုမို မြင့်မားစေရေး ကြိုးစားပါတယ်။ ချွေးစက်များနဲ့ စတင်ခဲ့တဲ့ စီမံကိန်းတိုင်းရဲ့ အဆုံသတ်ဟာ မိတ်ဆွေများရဲ့ အပြုံးများ ဖြစ်စေဖို့ အမြဲ ကြိုးပမ်းပါတယ်။

Commissioning

အရေးအကြီးဆုံး ဖြစ်တဲ့ လည်ပတ် စစ်ဆေးခြင်းနဲ့ စမ်းသပ်မောင်းနှင်ခြင်း အတွက် သာမာန်ထက် ပိုပြီး အားထုတ်ပါတယ်၊ စနစ် အသုံးပြုသူများ အားလုံး ပါဝင်တဲ့ လေ့ကျင့်သင်ကြားခြင်း အစီအစဉ်ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သက်ဆိုင်ရာ စီမံကိန်းမှာ လွှဲအပ်တာဝန်ယူကြမဲ့ ပြင်ထိန်း အဖွဲ့ဝင်များဟာ အနီးကပ် လုပ်ဆောင်ရသူများ ဖြစ်ကြပါတယ်။ လွှဲအပ်ပြီးတဲ့ နောက်ပိုင်းမှာ အသုံးပြုသူ စနစ်တကျ သုံးစွဲ၊ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရေးကိုလည်း အထူး အလေးထား ဆောင်ရွက်ပါတယ်။

Systems Integration

စိတ်ကူးအိပ်မက်တွေအတိုင်း အကောင်အထည်ဖော် ထိန်းချုပ်နိုင်စေဖို့..

Automation

အတိတ်ကာလများဆီမှာတုံးက အဆောက်အဦးတွေမှာ တပ်တဲ့ စနစ်တွေဟာ အများအားဖြင့် တစ်ခုချင်း အလုပ်လုပ်ကြတာ များပါတယ်။ စနစ်တစ်ခုချင်းစီ သူ့ဖာသာသူ အလုပ်လုပ် သူ့ဘာသာစကားနဲ့သူ ဆက်သွယ် လုပ်ဆောင်ကြတာပါ။ ခုခေတ်မှာတော့ စနစ်တွေဟာ တစ်ခုနဲ့ တစ်ခု ဘုံဘာသာစကားကို အသုံးပြုပြီး ဆက်သွယ်လုပ်ဆောင်လာနိုင်ကြပါပြီ။ ဒါဟာ လူသားတွေအတွက် အင်မတန် အကျိုးများပါတယ်။ စနစ်တွေကို တစ်နေရာတည်းကနေ စောင့်ကြည့် ထိန်းချုပ်ပြီး အားအင်စိုက်ထုတ်ရမှု အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်စေပါတယ်။ စနစ် တစ်ခုချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင် အမူအကျင့်များနဲ့ လာကြတာ ဖြစ်တဲ့အတွက် SI တွေက ဒီနေရာမှာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ကြရပါတယ်။ စနစ်ပေါင်းများစွာကို နည်းပညာအကူအညီနဲ့ စနစ် တစ်ခုတည်းသဖွယ်လုပ်ဆောင်နိုင်အောင် တည်ဆောက်ပေးကြရပါတယ်။ စနစ်များ ပူးပေါင်းလုပ်ဆောင်စေခြင်း လောကတွင်းမှာ အလိုလျောက်ဖြစ်ခြင်း ဆိုတဲ့ စကားလုံး အသုံးများပါတယ်။ နည်းပညာ အကူအညီနဲ့ စနစ်များကို ရာနှုံးပြည့် အလိုလျောက် အလုပ်လုပ်စေရေး ဆောင်ရွက်ကြရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Team BOH အနေဖြင့် စနစ် တစ်ခုချင်း ဖြစ်စေ၊ တပ်ဆင်ပြီး စနစ်များအား ထိန်းချုပ်စီမံခြင်း ဖြစ်စေ၊ Systems Integration စနစ် တစ်ခုလုံး ဖြစ်စေ ကူညီ ဖော်ဆောင်ပေးနိုင်ပါတယ်။

Maintenance

တပ်ဆင်ထားတဲ့ စနစ်တွေဟာလည်း အချိန်နဲ့ အမျှ ချို့ယွင်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကို စနစ်ကို အမြဲတစေ စောင့်ကြည့် လေ့လာ အကဲခတ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ စနစ် ချို့ယွင်းသွားခြင်းရဲ့ သက်ရောက်မှုကို ငွေကြေးအားဖြင့် တိုင်းတာဖို့ ခဲယဉ်းပါတယ်။ လုပ်ငန်းတစ်ခုရဲ့ ပုံရိပ် ဆိုသလို ဂုဏ်သိက္ခာလို့လည်း ဆိုနိုင်ပါတယ်။ ခုကာလမှာ လုပ်ငန်းရှင်များဟာ စနစ်တွေရဲ့ ကျန်းမာရေး ပြင်ဆင် ထိန်းသိမ်းရေးကို အလေး ဂရုပြုလာကြပြီ ဖြစ်ပါတယ်။ System Integrators တွေ အားလုံး တပ်ဆင်တဲ့ စနစ်အတွက် လုပ်ငန်းပြီးစီး လွှဲပြောင်း အပြီးမှာ မဖြစ်မနေ ပူးတွဲပါဝင်တဲ့ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေဟာ တစ်နှစ်ကနေ ငါးနှစ်အထိ အစားစား ကွဲပြားပါတယ်။ တတွဲတည်းပါဝင်တဲ့ ပြင်ဆင်ထိန်းသိမ်းမှု ကာလ ကျော်လွန်သွားတဲ့အခါ နောက်ထပ် တိုးမြှင့်ကာလ အနေနဲ့ ပြင်ဆင်ထိန်းသိမ်းမှု ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ Team BOH က ကူညီနိုင်ပါတယ်။

Contract Maintenance

Team BOH တပ်ဆင်ပေးထားတဲ့ စနစ်တွေကိုလည်း Team BOH အနေနဲ့ ထပ်တိုး ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်ပါတယ်။ သဘောတူညီမှုနဲ့ ပြင်ထိန်းလုပ်ငန်း ချုပ်ဆိုဆောင်ရွက်တဲ့အခါမှာ စနစ်တွေနဲ့ ပတ်သက်ပြီး စိတ်အေးချမ်းသာစွာ နေနိုင်မှာ ဖြစ်ပြီးတော့ မိမိရဲ့ ပင်မစီးပွားရေး လုပ်ငန်းကိုသာ အပြည့်အဝ အာရုံစိုက်နိုင်တဲ့ အကျိုးကျေးဇူးကို ရရှိစေမှာပါ။ စနစ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ခေါင်းစား ခေါင်းခဲမှုတွေအားလုံးကို Team BOH မှ တာဝန်ယူ ဖြေရှင်းပေးသွားမှာပါ။ တပ်ဆင်ပြီးစီးထားပြီးတဲ့ စနစ်တွေနဲ့ အခြား SI များ တပ်ဆင်ပေးထားခဲ့တဲ့ စနစ်တွေရဲ့ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းကို လည်း Team BOH အနေနဲ့ ပြင်ထိန်းစနစ် ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။ ပြင်ထိန်းစနစ်ဆီကနေ တပ်ဆင်ထားတဲ့ စနစ်များရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပြင်ထိန်းလိုအပ်ချက်များကို သတင်းပို့ချက်များ အနေနဲ့ လက်ခံရရှိမှာ ဖြစ်ပြီး တပ်ဆင်ထားတဲ့ စနစ်အတွက် ချို့ယွင်းချိန်ကို လုံးဝမရှိစေရေး အာမခံနိုင်မှာ ဖြစ်ပါတယ်။

Ready to reach us...